၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပဲခူးမြို့ရွှေမော်ဓောဘုရားသို့ ပြည်တွင်းဘုရားဖူး ၃၉၀၀၀၀ ကျော်နှင့် ထိုင်း၊ တရုတ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ နိုင်ငံရပ်ခြား ဧည့်သည် ၄၇၅၀ တို့သည် စေတီတော်အား ဖူးမြော်ရန်အတွက် ဒေသအသီးသီးမှ လာရောက်ခဲ့ကြသည်။အများစုမှာ ရွှေသာလျောင်း လျောင်းတော်မူဘုရား၊ မဟာစေတီတော်နှင့် ဟင်္သာဂုံဘုရားစသည့် အထွတ်အမြတ်နေရာများသို့ သွားရောက်လည်ပတ်ကြသည်။



