တောင်ကြီးနှင့် ရပ်စောက်ကြားတွင် RCSS/SSA ဆီဘောက်ဆာကားများနှင့် ဆီပန့်ဆိုင်များမှ ဆက်ကြေးအဆမတန် တောင်းယူ

Feb 02 • 9:34 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးနှင့် ရပ်စောက်ကြားတွင် RCSS/SSA ဆီဘောက်ဆာကားများနှင့် ဆီပန့်ဆိုင်များမှ ဆက်ကြေးအဆမတန် တောင်းယူ

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ဘန်းကန်ကျေးရွာနှင့် ရပ်စောက်မြို့နယ် မြို့ဦးကျေးရွာကြားတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့များက တ...

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ဘန်းကန်ကျေးရွာနှင့် ရပ်စောက်မြို့နယ် မြို့ဦးကျေးရွာကြားတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့များက တရားဝင်မျှောစာဖြင့် သယ်ယူလာသော ဆီဘောက်ဆာကားများနှင့် ဆီပန့်ဆိုင်များထံမှ အဆမတန် ဆက်ကြေးတောင်းယူနေကြောင်း ဒေသခံများထံမှ သိရှိရသည်။RCSS/SSA သည် ဆီဘောက်ဆာတစ်စီးလျှင် အနည်းဆုံး ကျပ်သိန်း ၂၀ အထိ တောင်းယူနေပြီး ယခင်က မတောင်းယူခဲ့သော ဆီပန့်ဆိုင်များထံမှလည်း ဆက်ကြေးတောင်းယူလာနေကြောင်း သိရသည်။ဆီဘောက်ဆာယာဉ်မောင်းတစ်ဦးက “အရင်က ဘောက်ဆာကားတွေမှာပဲ သိန်း ၂၀ တောင်းနေပြီး ခုအခါ ဆီပန့်ဆိုင်တွေကိုပါ တောင်းလာလို့ ဝင်ငွေအခက်အခဲဖြစ်နေပြီ” ဟု ပြောဆိုခဲ့သည်။

news-view-count-icon

8