သရုပ်ဆောင်လွင်မိုးရဲ့သမီးအကြီးဖြစ်သူ ယွန်းဝတီလွင်မိုးဟာ၂၀၂၅ခုနှစ်၊ဖေဖော်ဝါရီ၁ရက်နေ့တွင်
ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်တမ်း ၇ နှစ်အကြာဆက်ဆံရေးကနေ တရားဝင်ကွာရှင်းပြတ်စဲခဲ့ပါတယ်။သူတို့နှစ်ဦးမှာ Liamဆိုတဲ့သားလေးရှိပြီးသူမဟာ သူမရဲ့ချစ်သူသက်တမ်း၂နှစ်နဲ့အိမ်ထောင်သက်တမ်း ၇နှစ် စုစုပေါင်း၉နှစ်တာဝဋ်ကြွေးအဆုံးသတ်သွားပြီဟုလည်း ဖေဖော်ဝါရီ၂ရက်နေ့မှာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာပါထပ်မံမျှဝေလာခဲ့ပါတယ်။


