ရှမ်းပြည်နယ် တာချီလိတ်မြို့ရဲ့ ဝမ်မိုင်ရွာအနီး အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်ပွား

Feb 02 • 8:18 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ် တာချီလိတ်မြို့ရဲ့ ဝမ်မိုင်ရွာအနီး အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်ပွား

ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ပွားခဲ့ပြီး သေဆုံးနေသည်ကို နံနက်(၁၀)နာရီဝန်းကျင်ကမှ သိရပြီးမြန်မာ - ထိုင်းနယ်စပ်ဒေသ...

ဖေဖော်ဝါရီလ(၂)ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ပွားခဲ့ပြီး သေဆုံးနေသည်ကို နံနက်(၁၀)နာရီဝန်းကျင်ကမှ သိရပြီးမြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာအနီးတွင် ဤကဲ့သို့ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ဖြစ်စဥ်မှာ-တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာအနီး နှင့် အိုအေစစ်လိုင်းခန်းအနီးရှိ စနူကာခုံရှေ့တွင် ဖြစ်ရာသေနတ်ဖြင့် ပစ်သတ်ခံသူမှာအသက်(၃၆)နှစ်ရှိ မနန်းလျံဆိုသူဖြစ်ပြီး ၎င်းသည် စနူကာခုံပိုင်ရှင်ဖြစ်ပါတယ်။သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရင်ဘတ်တွင် ကျည်ပွင့်ထွက်သွားသည့် ဒဏ်ရာဖြင့် သေဆုံးနေခြင်း ဖြစ်သည်။



news-view-count-icon

15