စင်္ကာပူအကောက်ခွန်မှပေးပို့သော အခွန်ငွေပြန်အမ်းသည့် အီးမေးလ်များကို လိမ်လည်သူများအသုံးပြုကာ လိမ်လည်လာကြသည်။မက်ဆေ့ချ်သည် တရားဝင်စာနှင့် တစ်ထပ်တည်းတူရာ လက်ခံသူများအား ဘဏ်ငွေလွှဲခြင်း သို့မဟုတ် အကြွေးဝယ်ကတ်ကဲ့သို့ ၎င်းတို့၏ ပြန်အမ်းငွေနည်းလမ်းကို ရွေးချယ်ရန် တောင်းဆိုပြီး ၎င်းတို့၏ အခွန်ပြန်လည်တောင်းခံရန် လင့်ခ်တစ်ခုကို နှိပ်ခိုင်းသည်။စင်ကာပူအကောက်ခွန်မှ ဇန်နဝါရီ ၃၁ ရက်နေ့ Facebook ပို့စ်တွင် အတည်ပြုခဲ့သည့် လိမ်လည်မှုတစ်ခုဖြစ်သည်။ငွေသားအလွှဲအပြောင်းအတွက် ထိုသို့လင့်ခ်ကို ပို့မည်မဟုတ်ကြောင်းအေဂျင်စီက ပြောထားသည်။တရားဝင်ဆက်သွယ်မှုတိုင်းသည် @customs.gov.so ဖြင့်အဆုံးသတ်ထားသော တရားဝင်အီးမေးလ်လိပ်စာမှလာမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။



