ငွေလဲနှုန်း ၃၅၉၃ ကျပ်နဲ့ အမေရိကန်ဒေါ်လာသန်း ၂၀ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ (၃၀) ရက်နေ့မှာ ထုတ်ရောင်းခဲ့ပါတယ်။ အဲဒီနေ့ တရက်တည်းမှာ AD လိုင်စင်ရဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေအကြား ဒေါ်လာ ၂၆.၀၉၀ သန်း၊ တရုတ်ယွမ် ၃.၁၈၁ သန်းနဲ့ ထိုင်းဘတ် ၁၉.၂၉၅ သန်း အလွှဲအပြောင်းရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။



