ထရမ့်အစိုးရရဲ့ ကျန်းမာရေးအထောက်အပံ့ရပ်ဆိုင်းမှုကြောင့် မြန်မာက HIVနဲ့ TB ကူးစက်ခံရသူပေါင်း သိန်းကျော်ကို ထိခိုက်နိုင်

Jan 29 • 4:30 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ထရမ့်အစိုးရရဲ့ ကျန်းမာရေးအထောက်အပံ့ရပ်ဆိုင်းမှုကြောင့် မြန်မာက HIVနဲ့ TB ကူးစက်ခံရသူပေါင်း သိန်းကျော်ကို ထိခိုက်နိုင်

သမ္မတထရမ့်အစိုးရရဲ့ နိုင်ငံတကာအကူအညီပေးရေးစီမံကိန်းတွေအတွက်ထောက်ပံ့မှုကို ရက် ၉၀ ဆိုင်းငံ့ထားတာကြောင့် မြန်မာက သိန်းနဲ့ချီတဲ့ HIV(အိတ်ချ်အိုင်ဗီ)နဲ့ တီဘီရောဂါ ဝ...

သမ္မတထရမ့်အစိုးရရဲ့ နိုင်ငံတကာအကူအညီပေးရေးစီမံကိန်းတွေအတွက်ထောက်ပံ့မှုကို ရက် ၉၀ ဆိုင်းငံ့ထားတာကြောင့် မြန်မာက သိန်းနဲ့ချီတဲ့ HIV(အိတ်ချ်အိုင်ဗီ)နဲ့ တီဘီရောဂါ ဝေဒနာရှင်တွေကို သက်ရောက်လာမယ်လို့ ပြည်တွင်းမှာကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။

ဒီလိုဆေးဝါးထောက်ပံ့ငွေရပ်တန့်တဲ့ထဲမှာ HIVအပြင် ငှက်ဖျား၊တီဘီ၊ မိခင်နဲ့ကလေကျန်းမာရေး‌စောင့်ရှောက်မှု အထောက်အပံ့တွေအားလုံးပါဝင်ပြီးမြန်မာမှာ HIV ပိုး ကူးစက်ခံထားရသူ ၂၇၀,၀၀၀(၂ သိန်း ၇ သောင်းကျော်) ရှိပြီး ဒီထဲက ၁၉၀,၀၀၀ (၁ သိန်း ၉ သောင်း) ကျော်ဟာ HIV ပိုးကူးစက်ခံထားရသူများ သောက်သုံးရတဲ့ အေအာတီ ဆေးဝါးကို ကျန်းမာရေးဝန်ကြီးဌာနအောက်က အေအာတီဆေးကုသဌာနတွေကနေ ရယူပြီး ကုသမှုခံယူနေကြတာလည်း ဖြစ်ပါတယ်။




news-view-count-icon

29