နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် Online လိမ်လည်မှုများကိုတိုက်ဖျက်ရန် မြန်မာ- တရုတ်-ထိုင်း ၃ နိုင်ငံကြား Task Force ဖွဲ့စည်း၍ Action Plan ရေးဆွဲပြီးပူးပေါင်းဆောင်ရွက်မည်ဟု ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့လည် ၁ နာရီက နေပြည်တော်၌ ပြုလုပ်သည့် နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော Online အသုံးပြုလိမ်လည်မှု(Online Sca-m)နှင့် လောင်းကစားမှု (Online Gam-bling)များအား တားဆီးနှိမ်နင်းရေးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့အတူ လိမ်လည်မှုလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် အဓိကအခြေခံအဆောက်အအုံ၊ လျှပ် စစ်ဓာတ်အား၊ အခြေခံစားသုံးကုန်များနှင့် အင်တာနက်ဆက်သွယ်မှုတို့ကို အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် ရယူသုံးစွဲနေမှု၊ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပြည်ပနိုင်ငံသားများကလုပ်ဆောင်နေမှုတို့ကိုလည်း ထုတ်ပြန်ပြောကြားထားသည်။



