မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ခြောက်ဆယ်ခန့် ဖမ်းဆီးခံရ

Jan 23 • 4:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ခြောက်ဆယ်ခန့် ဖမ်းဆီးခံရ

ဇန်နဝါရီလ ၂၂ ရက်နေ့ကမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ (Kuala Lumpur) က လူစည်ကားတဲ့ ဘူကစ်ဘင်တန်း (Bukit Bintang) လမ်းမပေါ်ကဆိုင်တွေမှာ အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေ...

ဇန်နဝါရီလ ၂၂ ရက်နေ့ကမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ (Kuala Lumpur) က လူစည်ကားတဲ့ ဘူကစ်ဘင်တန်း (Bukit Bintang) လမ်းမပေါ်ကဆိုင်တွေမှာ အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးပြီးနောက် မြန်မာနိုင်ငံသားအယောက် ခြောက်ဆယ် ဖမ်းဆီးခံလိုက်ရပါတယ်။ ဖမ်းဆီးခံရသူထဲမှာ မြန်မာနိုင်ငံသား အယောက်ခြောက်ဆယ် အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၄ ဦး၊ နီးပေါနိုင်ငံသား ၁၆ ဦး၊ ပါကစ်စတန်နိုင်ငံသား သုံးဦးနဲ့ ဆူဒန်နိုင်ငံသား တစ်ဦးတို့လည်း ပါဝင်ပါတယ်။ မလေးရှားနိုင်ငံက မြို့တွေနဲ့ နေရာတော်တော်များများမှာ ဖမ်းဆီးမှုတွေဆက်တိုက်ရှိနေပြီး အခုလအတွင်း မြန်မာနိုင်ငံသား ၂၀၀ နဲ့အထက် ဖမ်းဆီးခံထားရပါ‌သေးတယ်။



news-view-count-icon

30