ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ်မှာရှိတဲ့ ကွယ်ကဘောဆေးရုံကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဦးနှောက်နှင့် အာရုံ ကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာစောဆိုင်မွန်သာ ကွယ်လွန်

Jan 21 • 8:12 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ်မှာရှိတဲ့ ကွယ်ကဘောဆေးရုံကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဦးနှောက်နှင့် အာရုံ ကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာစောဆိုင်မွန်သာ ကွယ်လွန်

ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ်မှာရှိတဲ့ ကွယ်ကဘောဆေးရုံကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဦးနှောက်နှင့် အာရုံ ကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာဟာ ဇန်...

ရန်ကုန်မြို့ ၊ အင်းစိန်မြို့နယ်မှာရှိတဲ့ ကွယ်ကဘောဆေးရုံကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဦးနှောက်နှင့် အာရုံ ကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာဟာ ဇန်နဝါရီ (၁၈)ရက်က အမေရိကန် ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ဒေါက်တာ စောဆိုင်မွန်သာ ကွယ်လွန်ချိန်မှာ အသက်(၈၃)နှစ်ရှိပြီဖြစ်ပြီး သူကွန်လွန်သွားတာဟာ မြန်မာနိုင်ငံ ဆေးပညာလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်းလည်း ဆရာဝန်လောက အသိုင်းအဝိုင်းက ပြောဆို ထားကြပါတယ်။ သူဟာ အမေရိကန် ဇီဝဆိုင်ရာအဖွဲ့အစည်းက ဆေးဘက်ဆိုင်ရာ ဦးဆောင်မှု ထူးချွန်ဆု ချီးမြှင့်ခံခဲ့ရသူဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အရှေ့တောင် အာရှ ဦးနှောက်နှင့်အာရုံ ကြောခွဲစိတ်အသင်းမှာလည်း မြန်မာကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။



news-view-count-icon

41