ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့အနီး ဇီးပင်ကွေ့အုပ်စု၊ တဲကြီး ကုန်းရွာအနီးမှာရည်းစားဟောင်းဖြစ်သူက ဆိုက်ကယ်နဲ့ လက်ဝတ်ရတနာတွေကို လုယက်၍LGBTတစ်ဦးကို သတ်ဖြတ်မှုဖြစ်ပွား

Jan 21 • 7:46 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့အနီး ဇီးပင်ကွေ့အုပ်စု၊ တဲကြီး ကုန်းရွာအနီးမှာရည်းစားဟောင်းဖြစ်သူက ဆိုက်ကယ်နဲ့ လက်ဝတ်ရတနာတွေကို လုယက်၍LGBTတစ်ဦးကို သတ်ဖြတ်မှုဖြစ်ပွား

ဇန်နဝါရီ ၂၀ ရက် မနက် ၉ နာရီဝန်းကျင်ကပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့အနီး ဇီးပင်ကွေ့အုပ်စု၊ တဲကြီး ကုန်းရွာအနီးက ငှက်ပျောပင်တွေကြားမှာ အသတ်ခ...

ဇန်နဝါရီ ၂၀ ရက် မနက် ၉ နာရီဝန်းကျင်က

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့အနီး ဇီးပင်ကွေ့အုပ်စု၊ တဲကြီး ကုန်းရွာအနီးက ငှက်ပျောပင်တွေကြားမှာ အသတ်ခံထားရတဲ့ LGBT ၁ ဦးရဲ့ အလောင်း ကို ပြန်တွေ့ခဲ့ပြီးသေဆုံးသူဟာ ပေါင်းတည်မြို့နယ်၊ ပျဥ်ပုံအုပ်စု၊ သရက်ကုန်းရွာက အသက် ၃၂ နှစ်အရွယ် ကိုကောင်းကောင်း (ခ) စည်သူအောင်ဖြစ်ပါတယ်။ တဲကြီးကုန်းရွာအနီးက ငှက်ပျောပင်တွေ ကြားမှာ လည်ပင်းပြတ်ရှဒဏ်ရာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာပါ။ဖြစ်စဉ်မှာ-ဇန်နဝါရီ ၁၅ ရက်မွန်းလွဲ ၁ နာရီဝန်းကျင်က ကိုကောင်းကောင်းသည် တာပွန်မြို့ကို စိုက်ပျိုးရေး ဆေးဝယ်ဖို့ ဆိုင်ကယ်နဲ့ ၁ ဦးတည်းသွားရာက ပျောက်ဆုံးခဲ့တာဖြစ်ကာအလောင်းကိုပြန်တွေ့ချိန်မှာ ဆိုင်ကယ်ရော သူဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ လည်း မရှိတော့သလို လုယူခံခဲ့ရတဲ့ ပစ္စည်းတန်ဖိုးသည် သိန်း၁၅၀နဲ့၂၀၀ ဝန်းကျင်ကြား တန်ဖိုးရှိပါတယ်။လူသတ်မှုနဲ့ပတ်သက်လို့ ယခင်ရည်းစားဟောင်းဖြစ်ခဲ့ဘူးသူ တာပွန်မြို့ ဇီးပင်ကွေ့အုပ်စု တာကျိုးရွာက အသက် ၂၂ နှစ်ဝန်းကျင် မင်းခန့်ကျော် ကိုဖမ်းဆီးရမိထားပြီး အမှုနဲ့ပတ် သက်လို့နောက်ထပ် လူငယ် ၁ ဦးတို့ကို ပါဖမ်းမိပြီး လက်ရှိမှာတော့ တာပွန်မြို့ရဲစခန်းမှာ ချုပ်နှောင် စစ်ဆေးနေပါတယ်။

news-view-count-icon

39