
ပညာရေးဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနပူးပေါင်း၍ မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် ၌ ရေနံဘူမိဗေဒဘာသာရပ်ကို (၄) နှစ် ဘွဲ့သင်တန်းအဖြစ် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့များရရှိပြီးချိန်တွင် မိမိတို့ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လိုပါက လက်ခံခန့်ထားပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ထုတ်ပြန်ပြောကြားထားသည်။


