ယနေ့ ၂၀.၁.၂၀၂၅ ရက်နေ့ ၊ ၈ နာရီ ၄၆ မိနစ် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယုလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းနှင့် ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါတယ်။
၈ နာရီ ၅၈ မိနစ် အချိန် မီးထိန်းနိုင်ပြီး ၉ နာရီ ၃ မိနစ်တွင် မီးငြိမ်းပါတယ်။



