စင်ကာပူနိုင်ငံ Ang Mo Kioမြို့၊ ကော်ဖီဆိုင်အပြင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွား

Jan 18 • 9:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

စင်ကာပူနိုင်ငံ Ang Mo Kioမြို့၊ ကော်ဖီဆိုင်အပြင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ဇန်နဝါရီ ၁၇ ရက်နေ့ ည အချိန် စင်ကာပူနိုင်ငံ၊ Ang Mo Kio မြို့ Avenue 6 ကော်ဖီဆိုင်အပြင်ဘက်တွင် လူ ၉ ဦးခန့် အချင်းချင်း ထိုင်ခုံများဖြင့်ရိုက်နှက်ကာ ရုန်းရင်းဆန်ခ...

ဇန်နဝါရီ ၁၇ ရက်နေ့ ည အချိန် စင်ကာပူနိုင်ငံ၊ Ang Mo Kio မြို့ Avenue 6 ကော်ဖီဆိုင်အပြင်ဘက်တွင် လူ ၉ ဦးခန့် အချင်းချင်း ထိုင်ခုံများဖြင့်ရိုက်နှက်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ယင်းဖြစ်စဉ်ကို ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ရဲစခန်းအား အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ဖမ်းဆီးခံရသူများမှာ အသက် ၃၃ နှစ်မှ ၄၀ ကြားဖြစ်ပြီး အသက် ၄၀ အရွယ် အမျိုးသားနှင့် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆေးရုံသို့ ပို့ဆောင်စဉ် သတိလစ်သွားတယ်လို့ သိရပါတယ်။အရပ်ဘက်ကာကွယ်ရေး တပ်ဖွဲ့မှ အခြား လူ နှစ်ဦး၏ ဒဏ်ရာ အနည်းငယ်ကိုလည်း စစ်ဆေးပေးခဲ့ပါတယ်။စင်ကာပူရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

news-view-count-icon

4