မွန်ပြည်နယ် ကျိုက်ထိုမြို့တွင်   ရပ်တော်မူရုပ်ပွားတော်ကြီးတစ်ဆူ တည်ထားမည်

Jan 15 • 5:00 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ် ကျိုက်ထိုမြို့တွင်   ရပ်တော်မူရုပ်ပွားတော်ကြီးတစ်ဆူ တည်ထားမည်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ဘုရားသုံးဆူတောင်ပေါ်ရှိ တည်ထားသော မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ကမ္ဘာတွင် ဒုတိယမြောက်အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော်အနီးတွင် ပေ...


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ဘုရားသုံးဆူတောင်ပေါ်ရှိ တည်ထားသော မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ကမ္ဘာတွင် ဒုတိယမြောက်အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော်အနီးတွင် ပေပေါင်း ၃၆၀ ကျော်အမြင့်ရှိ ရပ်တော်မူ ရုပ်ပွားတော်တစ်ဆူ ထပ်မံတည်ဆောက်မည်ဖြစ်သည်။ ထိုင်တော်မူ ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားကြီး၏ ဉာဏ်တော်အမြင့်မှာ ၇၇.၈၇၆၄ မီတာ (၂၅၅.၅၀၀ ပေ) ရှိပြီး ယခုတည်ထားမည့် ရုပ်တော်မူ ရုပ်ပွားတေယ်ကြီး၏အမြင့်မှာ ပုလ္လင်တော်အပါ ၃၆၃ ပေဖြစ်သည်။ဘုရားသုံးဆူတောင်ပေါ်တွင် ထိုင်တော်မူ ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရားကြီး၊ မဟာဗောဓိစေတီတော်မြတ်ကြီးနှစ်ဆူ တည်ထားကိုးကွယ်ခဲ့ပြီးဖြစ်ပြီ ဘုရား ၃ ဆူပြည့်ရန် ပေပေါင်း ၃၆၀ ကျော်အမြင့်ရှိ ရပ်တော်မူ ရုပ်ပွားတော်တစ်ဆူ ထပ်မံတည်ဆောက် ထပ်မံတည်ထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

news-view-count-icon

45