ဇန်နဝါရီ(၁၀)ရက်နေ့လယ်(၂)နာရီအချိန်ခန့်ရှမ်းပြည်နယ်(မြောက်)မူဆယ်မြို့နယ်တွင်ကားနှင့်ဆိုင်ကယ်တိုက်မိခဲ့ရာဆိုင်ကယ်မောင်းနှင်စီးလာသူမိန်းကလေးနှစ်ဦးသေဆုံးခဲ့ပါတယ်။ဖြစ်စဥ်အရမူဆယ်မြို့မူဆယ်လမ်းမကြီး(၈)ထပ်တိုက်ရှေ့လမ်းတွင်ကားနှင့်ဆိုင်ကယ်တိုက်မိရာမှဆိုင်ကယ်မောင်းနှင်စီးလာသူအသက်(၁၆)နှစ်အရွယ်နှင့်အသက်(၁၃)နှစ်အရွယ်မိန်းကလေးနှစ်ဦးတွင်ထိခိုက်ဒဏ်ရာများရရှိပြီးတစ်ဦးမှာအခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီးကျန်တစ်ဦးအားရွှေလင်းရောင်လူမှုကူညီရေးအသင်းယာဥ်ဖြင့်မူဆယ်ပြည်သူဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရာဆေးရုံအရောက်ထပ်မံသေဆုံးခဲ့ပါတယ်။ယာဥ်တိုက်ခံရမှုကြောင့်ဆုံးသူနှစ်ဦးမှာပန်ခမ်းကျေးရွာနှင့်နောင်ရမ်းကျေးရွာတွင်နေထိုင်သူများဖြစ်ပြီးယာဥ်မောင်းသူအားဖမ်းဆီးရမိထားပါတယ်။



