"ကံကောင်း"ရုပ်ရှင်ဇာတ်ကား ကိုရီးယား Suwon International Film Festival 2025၌ဆန်ကာတင် ရွေးချယ်ခံရ

Jan 10 • 2:54 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

"ကံကောင်း"ရုပ်ရှင်ဇာတ်ကား ကိုရီးယား Suwon International Film Festival 2025၌ဆန်ကာတင် ရွေးချယ်ခံရ

ခွေးလိမ္မာလေး ပါဝင်သရုပ်ဆောင်ထားသော "ကံကောင်း" ရုပ်ရှင်ဇာတ်ကားသည် ကိုရီးယား Suwon International Film Festival (2025)တွင် ဆန်ကာတင် ရွေးချယ်ခံရပြီး ဇန်နဝါရီ ၁၉ ရက...

ခွေးလိမ္မာလေး ပါဝင်သရုပ်ဆောင်ထားသော "ကံကောင်း" ရုပ်ရှင်ဇာတ်ကားသည် ကိုရီးယား Suwon International Film Festival (2025)တွင် ဆန်ကာတင် ရွေးချယ်ခံရပြီး ဇန်နဝါရီ ၁၉ ရက်၌ ဆုရရှိသည့် ဇာတ်ကားများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။“ကံကောင်း” ရုပ်ရှင်ဇာတ်ကားကို ခတ္ထိယရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် "ကံကောင်း” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဓာတ်ပုံဆုနှင့် အကောင်းဆုံးရုပ်ရှင် တေးဂီတဆု အကယ်ဒမီရွှေစင်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

219