ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ဓါးဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား(၁)ဦးကို လူမှု ကူညီရေးအသင်းမှ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းကလာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာတာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊တာချီလိတ်-မိုင်းဆတ်သွားကားလမ်းမဘေးရှိ နေအိမ်သို့ပတ်ဝန်းကျင်မှဝင်ရောက်ကြည့်ရှုခဲ့ရာသွေးထွက်ဒဏ်ရာများဖြင့်လဲကျနေသည်ကိုတွေ့ရ၍တာချီလိတ်မြို့၊ဦးလှမိုးလူမှုကူညီ ရေးအသင်းသို့အကြောင်းကြားကာ တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်စဉ်ရရှိသော ဓါးဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီးတာဝန်ရှိ သူများမှသွားရောက်စစ်ဆေးရာ အာကာ(ခ)မောင်ပိန်၊(၂၅)နှစ်ခန့်၊ ကျပန်းလုပ်(ကိုယ်ရေးအချက်အလက်စုံစမ်းဆဲ)သည်ဝဲဘက်နားထင်၊ဦးခေါင်းနောက်စေ့နှင့်ဝဲဘက်လက်ပြင်တို့တွင်ပြတ်ရှဒဏ်ရာ(၁)ချက်စီသေဆုံးခဲ့ခြင်းဖြစ်သည်။
အမှုမှအာကာ(ခ)မောင်ပိန်အား သေဆုံးအောင်ဓါးဖြင့်ခုတ်ခဲ့သူအား ဖမ်းဆီးရမိရေးအတွက်ရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။