ဇန်နဝါရီလနှင့် ဖေ‌ဖော်ဝါရီလ တို့တွင် အင်းလေးရိုးရာလှေလှော်ပြိုင်ပွဲများ ကျင်းပမည်

Jan 09 • 6:00 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဇန်နဝါရီလနှင့် ဖေ‌ဖော်ဝါရီလ တို့တွင် အင်းလေးရိုးရာလှေလှော်ပြိုင်ပွဲများ ကျင်းပမည်

၂ဝ၂၅ ခုနှစ်၊ အင်းလေးရိုးရာလှေလှော်ပြိုင်ပွဲကို ပြည်တွင်း၊ပြည်ပ ခရီးသွားများ ဆွဲဆောင်နိုင်ရန် ဇန်နဝါရီလ နှင့် ဖေ‌ဖော်ဝါရီလ တို့မှာ နှစ်ကြိမ်တိုင်တိုင် ကျင်းပသွား...


၂ဝ၂၅ ခုနှစ်၊ အင်းလေးရိုးရာလှေလှော်ပြိုင်ပွဲကို ပြည်တွင်း၊ပြည်ပ ခရီးသွားများ ဆွဲဆောင်နိုင်ရန် ဇန်နဝါရီလ နှင့် ဖေ‌ဖော်ဝါရီလ တို့မှာ နှစ်ကြိမ်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပြီး အဆိုပါရိုးရာလှေပြိုင်ပွဲကို အင်းလေးဖောင်တော်ဦးဘုရားပွဲနှင့် အတူတွဲပြီး နှစ်စဉ်ကျင်းပလျက်ရှိသည်။ သို့သော် ပြီးခဲ့တဲ့ကာလမှာတော့ ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ရတာမို့ ဖောင်တော်ဦးဘုရား ပွဲတော်ကို ခေတ္တရပ်နားထားပြီး ယခုအခါပွင့်လင်းရာသီကာလမှာတော့ ခရီးသွားများ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်တာကြောင့် အင်းလေးရိုးရာလှေလှော်ပြိုင်ပွဲကို ဇန်နဝါရီလမှာတော့ ရှမ်းပြည်နယ်နေ့ကို ကြိုဆိုသောအားဖြင့် တစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

news-view-count-icon

71