ရန်ကုန်ရှိ မင်္ဂလာဒုံပန်းခြံအနီး ကျိုက်ထီးရိုး ဘုရားဖူးကားမှောက်မှုဖြစ်ပွားခဲ့

Jan 08 • 9:02 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်ရှိ မင်္ဂလာဒုံပန်းခြံအနီး ကျိုက်ထီးရိုး ဘုရားဖူးကားမှောက်မှုဖြစ်ပွားခဲ့

ဇန်နဝါရီ ၇ရက်နေ့ညနေပိုင်းက ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းခွဲနဲ့တညင်းကုန်လမ်းဆုံကြား၊ ခရေပင်လမ်းမပေါ်၊ မင်္ဂလာဒုံပန်းခြံအနီးမှာ ကျိုက်ထီးရိုးဘုရား...

ဇန်နဝါရီ ၇ရက်နေ့ညနေပိုင်းက

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းခွဲနဲ့တညင်းကုန်လမ်းဆုံကြား၊ ခရေပင်လမ်းမပေါ်၊ မင်္ဂလာဒုံပန်းခြံအနီးမှာ ကျိုက်ထီးရိုးဘုရားဖူးကနေပြန်လာတဲ့ ဘုရားဖူးလိုက်ထရပ်ကားတစီး သစ်ပင်ကိုဝင်တိုက်မိပြီး ကလေးအပါလူ ၁၂ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ကလေးနှစ်ယောက်၊ အမျိုးသမီးငါးယောက်နဲ့အမျိုးသားငါးယောက်တို့ဖြစ်ပြီး အဲဒီထဲကမှ အသက်ကြီးပိုင်းအမျိုးသမီးကြီးတယောက်ကတော့ လက်ထိခိုက်ဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာတွေနဲ့စိုးရိမ်ရတဲ့အခြေအနေရှိပါတယ်။ယာဥ်တိုက်မှု ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူ အားလုံးကို အင်းစိန်ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်း ၊ ဘုရားဖူးကားပေါ်ပါသူတွေက အင်းစိန်မြို့နယ်နေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။


news-view-count-icon

68