ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၅/၈) ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် ယမန်နေ့ ဇန်နဝါရီ (၇) ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများကို အမှတ်(၅)ရပ်ကွက်၊ ရွက်လှလမ်းအ.ထ.က(၆)ကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိခဲ့ပါတယ်။ထိုဖြစ်စဥ်ကြောင့်အိမ်ထောင်စု (၆၁)စု၊ အမျိုးသား (၆၁)ဦး၊ အမျိုးသမီး (၉၂)ဦး၊ စုစုပေါင်း လူဦးရေ(၁၅၃)ဦးတို့ မီးဘေးသင့်ခဲ့ပြီး အသက် (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့သလို မီးလောင်ကျွမ်းချိန် (၂) နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အဆောင်ငှားရမ်းသူ အသက်(၄၃)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို ရွှေပြည်သာမြို့မ ရဲစခန်းမှ (ပ) ၁၄/၂၀၂၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ် ၃၀၄ (က)/ ၂၈၅ အမှုဖွင့် အရေးယူထားပါတယ်။
ရန်ကုန်တိုင်း၊ရွှေပြည်သာ မီးလောင်မှုမှ မီးဘေးသင့် ပြည်သူ (၁၅၃)ဦးရှိခဲ့ပြီး အဆောင်ပိုင်ရှင်မီးလောင်မှုဖြစ်ပွားမှုဖြင့်အမှုဖွင့်အရေးယူခံရ
Jan 08 • 8:07 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


