၂၀၂၅ခုနှစ် ဇန်ဝါရီလ(၆)ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း မြို့ပတ်လမ်းတွင် ဆိုင်ကယ်မောင်းလာသည့် အေးဖေ (ခ)အင်းသားဆိုသူအား စစ်ဆေးရာမှ ၎င်းထံက စိတ်ပြောင်းဆေးဝါး(Happy Water) အပြာနုရောင် အမှုန့် (၁၅၀)ဂရမ်ဝန်းကျင် နှင့် စိတ်ပြောင်းဆေးဝါး(Happy Water) အဝါနုရောင် အမှုန့် (၈၀)ဂရမ်ဝန်းကျင် စုစုပေါင်း (၂၃၀)ဂရမ်ဝန်းကျင်ရှိသည့် စိတ်ပြောင်းဆေးဝါး(Happy Water)များကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။ဆက်လက်၍ ၎င်းအား စစ်ဆေးမေးမြန်းရာမှ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်သည့် ထွန်းထွန်းနိုင်(ခ)အားဖူထံက စိတ်ပြောင်းဆေးဝါး(Happy Water)ကို ရရှိခြင်းဖြစ်ကြောင်း ထွက်ဆိုသည့်အတွက် ပူးပေါင်းအဖွဲ့က သွားရောက် ရှာဖွေ စစ်ဆေးခဲ့ကြကြောင်း သိရသည်။အဆိုပါ စိတ်ပြောင်းဆေးဝါး(Happy Water)၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂၀၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။



