ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ဇန်နဝါရီလ ၄ ရက် နေ့နံနက် (၈) နာရီအချိန်မှ စတင်၍ ကမာရွတ်မြို့နယ် လှည်းတန်းဂုံးတံတားရှိ စကိတ်ကွင်း၌ မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော စကိတ်နှင့် BMX အားကစားပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲသို့ ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အားကစားသမားများ တက်ရောက်ကြည့်ရူအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် ၂၀၀ ဦးခန့်မှ BMX အလှစီးပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြသည်။ ဝင်ရောက်ယှဥ်ပြိုင်သူများကို ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ Medical Cover အဖြစ် ယာဉ်(၂)စီးနှင့် အင်အား(၂၀)ဦးအား အသင့်စီမံထားရှိပေးထားသည်။
ကမာရွတ်မြို့နယ် လှည်းတန်းဂုံးကျော်စကိတ်ကွင်း၌ စကိတ်နှင့် BMX အားကစားပြိုင်ပွဲများ ကျင်းပ
Jan 06 • 5:42 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
12 | 0 | 0 | 0 |