တရုတ်ရုပ်ရှင်မင်းသား Xingxing (Wang Xing) သည် ထိုင်းနိုင်ငံတွင် ရိုက်ကူးမည့် ဇာတ်ကားအတွက် ရွေးချယ်ခံရပြီးနောက် သောကြာနေ့၌ ရှန်ဟိုင်းမှ ဘန်ကောက်သို့ လေယာဉ်ဖြင့် ထွက်ခွါခဲ့ပြီး ရိုက်ကူးရေးအဖွဲ့က စီစဉ်ပေးသည့် ကားဖြင့်လိုက်ပါစဉ် ရိုက်ကူးရေး ဖွင့်ပွဲသို့ သွားမည့်လမ်းကြောင်းမှ သွေဖည်သွားကြောင်း GPS ခြေရာခံစနစ်က ပြသခဲ့ပြီးနောက် မြန်မာ-ထိုင်းနယ်စပ်အနီး အဆက်အသွယ် ပြတ်တောက်သွားခဲ့ကာနာရီ ၆၀ ကျော်ကြာ အဆက်အသွယ် ပြတ်တောက်နေကြောင်း ၎င်း၏ ချစ်သူ Jiajia က Sina Weibo တရုတ်လူမှုကွန်ရက်တွင် တနင်္ဂနွေည၌ ဖော်ပြခဲ့သည်။Jiajia သည် ရှန်ဟိုင်းရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံရှိ တရုတ်သံရုံးနှင့် ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတို့ထံ အကူအညီ တောင်းခံထားပြီး ယနေ့ ဘန်ကောက်သို့သွားကာ သံရုံးနှင့် ဒေသတွင်းအာဏာပိုင်များထံ တိုင်ကြားရန်လည်း စီစဉ်ထားကြောင်း သိရသည်။ ပျောက်ဆုံးနေမှုသတင်းသည် တရုတ်ဖျော်ဖြေရေးလောက၌ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်။



