ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ စက်သုံးဆီဈေးကြီးမြင့်လွန်းတာကြောင့် တရုတ်နိုင်ငံထုတ် ဘက်ထရီဆိုင်ကယ်ကို အသုံးပြုသူများလာပြီး လက်ရှိမှာ အသစ်တစ်စီးကို ကျပ်သိန်း ၆၀အထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံထုတ်ဘက်ထရီဘီးတွေဟာ ယခင်က ကျပ်သိန်း၄၀နီးပါးသာရှိခဲ့ပေမယ့် လက်ရှိဒေသခံတွေရဲ့ ဝယ်လိုအားမြင့်တက်လာမှုကြောင့်အပြင် တရုတ်ဘက်က ကုန်စည်တွေ မဝင်တာကြောင့် အခုကျပ်သိန်း ၆၀နီးပါးအထိ ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။


