ထိုင်းနိုင်ငံ Bangkok မြို့တော် Phra Nakhon ခရိုင်မှာရှိတဲ့ The Ember Hotel မှာ မနေ့ညက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။တနင်္ဂနွေနေ့ ညနှောင်းပိုင်းက Phra Nakhon ခရိုင်ရှိ Khao San လမ်းအနီးနားက ဟိုတယ်မီးလောင်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ် ။Tanee လမ်းပေါ်ရှိ The Ember Hotel တွင် တနင်္ဂနွေနေ့ ည ၉ နာရီ ၂၁ မိနစ်ခန့်က စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ် ။ Hotel က အထပ် ၆ ထပ်ရှိပြီး ပဉ္စမထပ်ကနေ မီးလောင်မှု စတင်ခဲ့တယ်လို့ အနီးနားမျက်မြင်သက်သေတွေက ပြောကြပါတယ်။မီးသတ်သမားတွေက တစ်နာရီခန့်အတွင်း မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် လူ ၃ ဦးကတော့ သေဆုံးခဲ့ရပါတယ် ။
ဘန်ကောက်မြို့ ခေါက်ဆန်လမ်းနားက ဟော်တယ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွား❗️
Dec 30 • 8:33 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
11 | 0 | 0 | 0 |