မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဒီဇင်ဘာ၂၉ရက်က အမျိုးသမီးနှစ်ယောက်အသတ်ခံရတဲ့ နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွါးခဲ့ပြီးကျီတော်ကုန်းရပ်ကွက်က နေအိမ်တစ်အိမ်မှာ အမျိုးသမီးနှစ်ယောက် ပြတ်ရှထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ ဖုန်းဆက်အကူအညီတောင်းခံတာကြောင့် သွားရောက်ကူညီဆောင်ရွက်ပြီး ရုပ်အလောင်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းကာ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါသည်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံလို့ယူဆရတဲ့ အမျိုးသားသုံးယောက်ကို သက်ဆိုင်ရာက ဖမ်းမိထားတယ်လို့လည်း ကနဦးအနေနဲ့ ဒေသခံတချို့က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားချက်အရ သိရပါသည်။
မိတ္ထီလာတွင် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်
Dec 29 • 4:53 PM
မြန်မာ
မန္တလေး
မျှဝေမည်
60 | 0 | 0 | 0 |