တောင်ကိုရီးယားနိုင်ငံ Jeju Air လေကြောင်းလိုင်းက လေယာဉ်ပျက်ကျမှုဖြစ်စဉ်၏နောက်ဆုံးရသတင်း
- ဂျယ်ဂျူလေကြောင်းလိုင်း လေယာဥ်ဖြစ်ပြီး၊
- ထိုင်းကနေ ကိုရီးယား မူအန်း အင်တာနေရှင်နယ် လေဆိပ်ကို ပြန်လာတဲ့ ခရီးစဥ် ဖြစ်ပြီး
- မြန်မာလူမျိုး မပါ၀င်ဘဲ
- ခရီးသည် ၁၇၅ယောက်နဲ့ လေယာဥ်မောင်မယ်၀န်ထမ်း ၆ဦး ပေါင်း ၁၈၁ဦး စီးလာတာဖြစ်ပြီး
- ၁၈၁ ယောက်ထဲမှာ ၂ယောက်ပဲ ထိုင်းလူမျိုး ပါပြီး၊ ကျန်တာ အားလုံး ကိုရီးယားလူမျိုးချည်းပဲ ဖြစ်သလို
- နှစ်ကုန် အလည်အပတ်ခရီး၊ မိသားစု ခရီး၊ ၃ညအိပ် ၅ရက် ခရီး ထွက်ပြီး ပြန်လာတဲ့ လမ်းဖြစ်ပြီး
- အသက် အငယ်ဆုံးက ၂၀၂၁နှစ်မွေးဖွားသူ ၃နှစ်သားအရွယ်ဖြစ်ပြီး၊ အကြီးဆုံး ၁၉၅၀ခုနှစ် မွေးဖွားသူ ဖြစ်ပြီး
- လေယာဥ်၀န်ထမ်း ၂ယောက်ပဲ ကယ်ဆယ်လို့ ရခဲ့ပြီး
- ကျန် ၁၇၉ဦးလုံး သေဆုံးတယ်လို့ အတည်ပြုကြောင်း သိရပါသည်။