ရန်ကုန်တိုင်း၊လှိုင်သာယာ မြို့နယ် တပင်ရွှေထီးလမ်းတွင် ကွန်တိန်နာကားတိမ်းမှောက်ပြီး ၄ ဦးဒဏ်ရာရ

Dec 28 • 5:15 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်း၊လှိုင်သာယာ မြို့နယ် တပင်ရွှေထီးလမ်းတွင် ကွန်တိန်နာကားတိမ်းမှောက်ပြီး ၄ ဦးဒဏ်ရာရ

ဒီဇင်ဘာ ၂၇ ရက်ည ၁၁ နာရီကျော်ခန့်ကရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီးလမ်းတွင် ကွန်တိန်နာကားတိမ်း‌‌မှောက်မှုဖြစ်ပွားခဲ့သည်။ လှိုင်သာယာ(အရှေ့ပိုင်းမြို့...

ဒီဇင်ဘာ ၂၇ ရက်ည ၁၁ နာရီကျော်ခန့်က

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ တပင်ရွှေထီးလမ်းတွင် ကွန်တိန်နာကားတိမ်း‌‌မှောက်မှုဖြစ်ပွားခဲ့သည်။ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ ရွှေလင်ဗန်းကျေးရွာရှိ တပင်ရွှေထီးလမ်းတွင် ကွန်တိန်နာကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားကာ လူညပ်နေသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မြောက်ပိုင်းခရိုင်မီးသတ်စခန်း၊ လှိုင်သာယာမြို့နယ်မီးသတ်စခန်း၊ တောင်ဥက္ကလာမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသည်။ ညပ်နေသည့် အမျိုးသား(၄)ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိထားသဖြင့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းက လှိုင်သာယာမြို့နယ်ပြည်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသည်။


news-view-count-icon

29