၂၆.၁၂.၂၀၂၄ ရက်နေ့၊ မြန်မာစံတော်ချိန်၁၃နာရီ ၀၉ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှောင်လမ်း၊ မိုင်တိုင်(၉/၈)နှင့် (၁၀)ကြားတွင် ကား(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မြန်မာစံတော်ချိန်၁၃နာရီ ၁၉ မိနစ်အချိန် တွင်မီးငြိမ်းနိုင်ခဲ့သည်။



