
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် “ မာရဝိဇယ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပွဲ၊ ကျောက်ဆည်မြို့ ရိုးရာဆင်အကပြိုင်ပွဲ၊ ထမနဲထိုးပြိုင်ပွဲ နှင့် မလှိုင်မြို့ရှိ ထီးလုပ်ငန်း” စသည့်ဓာတ်ပုံများဖြင့် ပို့စကတ် (၄)မျိုး ထုတ်ဝေခဲ့သည်။ ပို့စကတ်တစ်ခုလျှင် (၅၅၀)ကျပ်နှုန်းဖြင့် အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးများတွင် ဝယ်ယူရရှိနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည်။


