ယခင်ရပ်နားထားခဲ့သည့် ရန်ကုန်မြို့၏ အထင်ကရပွဲတစ်ခုဖြစ်သော လမ်းမတော်ပွဲစျေးကို ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ပွဲစျေးကို လာမည့် ဒီဇင်ဘာ၂၇ရက်မှ ၃၀ရက်အထိ ကျင်းပမည်ဖြစ်ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဈေးရောင်းပွဲတော်အဖြစ် ကျင်းပသွားမည်ဖြစ်သည်။ လမ်းမတော်ပွဲစျေးကို ကိုဗစ်ကာလမတိုင်ခင်နှစ်များက တန်ဆောင်မုန်းလတွင် ကျင်းပခြင်းဖြစ်ပြီး ကိုဗစ်ကာလနောက်ပိုင်းတွင် မကျင်းပဖြစ်တော့ဘဲ ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း လမ်းမတော်ပွဲဈေး ပြန်လည်ကျင်းပမည်
Dec 26 • 6:39 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
12 | 0 | 0 | 0 |