မြန်မာနိုင်ငံတစ်ဝန်းမှာ အရင်က အသုံးပြုနေတဲ့ အလေးချိန်သတ်မှတ်ချက်ဖြစ်တဲ့ တကျပ်သား ၁၆ ဒသမ ၆၀၆ ဂရမ်အစား ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ် အလေးချိန်ကို ရွှေချိန်စက်တွေမှာ တပြေးညီ ပြောင်းလဲသုံးသွားမှာ ဖြစ်ပါတယ်။အရေးကြီးကုန်စည် ဝန်ဆောင်မူဥပဒေမှာ ပါရှိတဲ့ အလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်တွေအရ ရွှေအလေးချိန်တွေကို တပြေးညီ ပြောင်းလဲကျင့်သုံးဖို့ စီစဉ်နေတာဖြစ်ပြီး ရွှေအလေးချိန်စနစ် ပြောင်းတာဟာချိန်ခွင်တွေမှာပါတဲ့ ဆော့ဖ်ဝဲတွေ ပြောင်းနေကြခြင်းဖြစ်ကာအလေးချိန် စံချိန်၊ စံညွှန်းသတ်မှတ်ချက်တွေကို တလအတွင်းမှာ တပြေးညီ ပြောင်းလဲသွားနိုင်ဖို့ ပြင်ဆင်သွားမှာဖြစ်တာကြောင့် လာမယ့် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်း ဝန်းကျင်လောက်ကစပြီး စတင်ဆောင်ရွက်နိုင်ဖို့ ခန့်မှန်းထားပါတယ်။
မြန်မာတစ်နိုင်ငံလုံး အသုံးပြုနေတဲ့ ဒီဂျစ်တယ်သုံး ရွှေချိန်ခွင်တွေအကုန် ဆော့ဖ်ဝဲပြန်ပြောင်း၍ အလေးချိန်စနစ်ကို တပြေးညီ စတင် ပြောင်းလဲမည်
Dec 22 • 1:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


