ထိုင်းနိုင်ငံ၊ မယ်ဖာ့လုံ စီမံချက်မှစမ်းသပ်စိုက်ပျိုးထားသည့် ဧက (၇)ဧက ခန့်ရှိသော ပင်လောင်းမြို့ရှိ လာဗန်ဒါ (lavender) ပန်းခင်းကို ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်သူများရှိနေကြောင်း သိရသည်။ကလောဘက်မှ သွားမည်ဆိုပါက ပင်လောင်းလမ်းအတိုင်း ကလော/ တီကျစ်/ နောင်တရားလမ်း လာရောက်နိုင်ပါသည်။ယင်းပန်းခင်းသည် လက်ရှိတွင် စမ်းသပ်စိုက်ပျိုးထားဆဲသာဖြစ်သောကြောင့် ဝင်ကြေးသတ်မှတ်ထားခြင်း မရှိသေးကြောင်းနှင့်အဆိုပါ လာဗန်ဒါ ပန်းခင်းကို တောင်ကြီးဘက်မှ လာရောက်မည်ဆိုပါက ပင်လောင်း မြို့နယ်၊ နောင်တရားမြို့တောင်ဘက်၊ ဉာဏ်ပင်ရွာအနောက်ဘက်လမ်းမှ ဆယ်မိနစ်ခန့် မောင်းရမည်ဖြစ်ကာ ဘုရားဖြူရွာသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။






