မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီးသဂြိုလ်စက်နှင့်မီးကြိုးအားဆက်သွယ်ထားသည့် ပေ(၇၀)ခန့်အရှည်ရှိမီးကြိုးများခိုးယူခံရခြင်းနှင့် အုတ်ဂူအချို့၏ အကာအရံများ၊ သစ်ပင်များဖျက်ဆီးခံခဲ့ရမှု ဖြစ်ပွါးခဲ့ပြီး မီးသဂြိုလ်စက်(အခမဲ့)ဝန်ဆောင်မှုကော်မတီမှ မီးသဂြိုလ်စက်ဖြင့် မီးသဂြိုလ်ရမည့်ရုပ်အလောင်းများရှိ၍ မီးကြိုးများကိုပြန်လည်တပ်ဆင်မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။





