

ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်”သည် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ယနေ့ ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး မြောက်ပိုင်းကမ်းခြေကို ပူဒူချယ်ရီမြို့(Puducherry)အနီးမှ ဖြတ်ကျော်နိုင်သည် ဟု ခန့်မှန်းရပြီး “ဖန်ဂယ်လ်”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက် သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးဇလမှ ထုတ်ပြန်ကြေညာထားပါသည်။


