ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့ရှိ၊ ခြောက်ကွေ့ကားမှတ်တိုင်အနီး မှာ ယနေ့ နေ့လည် ၁နာရီအချိန်ကအမျိုးသမီး ၁ ဦး လဲကျသေဆုံးခဲ့ကြောင်းသိရပါတယ်။
မျက်မြင်သက်သေများ ပြောကြားချက်အရ အဆိုပါအမျိုးသမီးဟာ ဓမ္မာရုံမီးပွိုင့်မှ လမ်းလျှောက်လာတာဖြစ်ပြီး ခြောက်ကွေ့မှတ်တိုင်အနီးမှာ ပြင်ပဒဏ်ရာမရှိပဲ ပါးစပ်မှ အမြှုတ်များထွက်ကာ လဲကျသေဆုံးခြင်းဖြစ်တယ်လို့သိရပြီး အလောင်းကို မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရပါတယ်။