လာမည့် ဒီဇင်ဘာလ ၇ရက် (စနေနေ့) ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည့် ၂၀ကြိမ်မြောက် ကိုရီးယားဘာသာစကားပြော ပြိုင်ပွဲ ၏ အထူး အစီအစဉ် တစ်ရပ် အနေဖြင့် နိုင်ငံခြားသားများ မြန်မာဘာသာစကားပြောပြိုင်ပွဲကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပြီး ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ကို ရွေးချယ်ပြီး ၅မိနစ်ကြာ စကားပြော ဗီဒီယိုကို နိုဝင်ဘာလ ၂၅ရက်နေ့ နောက်ဆုံးထား ပေးပို့ ယှဉ်ပြိုင်နိုင်ပါသည်။ အနိုင်ရရှိသူများ၏ ဗီဒီယိုကို ပွဲကျင်းပသည့်နေ့တွင် ပရိသတ်များထံ ပြသပေးသွားမည်ဖြစ်ကြောင်း ကိုရီးယား(မြန်မာသံရုံး)မှ ကြေညာထားပါသည်။
#GlobalReporter #MM #Government #Announcement #YGN #Localnews



