back

စပိန်အသင်းက အာဂျင်တီးနားကို အချိန်ပိုတွင် အနိုင်ယူပြီး ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူး

Jul 20 • 1:37 AM

breaking-news

Myanmar

International

cover

စပိန်အသင်းက အာဂျင်တီးနားကို အချိန်ပိုတွင် အနိုင်ယူပြီး ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူး

အမေရိကန်နိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းက အာဂျင်တီးနားအသင်းကို အချိန်ပိုတွင် သွင်းယူသည့် အနိုင်ဂိုးဖြင့် အနိုင်ယူကာ ချန်ပ...

အမေရိကန်နိုင်ငံတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် စပိန်အသင်းက အာဂျင်တီးနားအသင်းကို အချိန်ပိုတွင် သွင်းယူသည့် အနိုင်ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်သွားခဲ့သည်။ စပိန်အသင်းသည် ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားခဲ့ပြီး အာဂျင်တီးနားအသင်းမှာမူ မိနစ် ၉၀ ပြည့်သည်အထိ ဂိုးပေါက်ကန်သွင်းခွင့် တစ်ကြိမ်မျှမရခဲ့သော်လည်း ဂိုးသမား၏ လက်စွမ်းပြမှုကြောင့် မိနစ် ၉၀ တွင် ၀-၀ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။အချိန်ပို ပွဲကစားချိန်အတွင်း အာဂျင်တီးနားကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီးနောက်၊ စပိန်အသင်းက ပိုမိုဖိအားပေးကစားကာ ပွဲကစားချိန် ၁၀၆ မိနစ်တွင် ဖာရန်တောရက်စ်က စပိန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ ဤရှုံးနိမ့်မှုကြောင့် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းအနေဖြင့် နှစ်ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားဆွတ်ခူးနိုင်မည့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။

news-view-count-icon

55