back

လှိုင်သာယာ Spring Mon Garment စက်ရုံအလုပ်သမားများ လုပ်ခလစာတိုးပေးရန် တောင်းဆိုမှု ၁၁ ရက်မြောက်နေ့အထိ ပြေလည်မှုမရရှိသေး

Jul 19 • 12:54 PM

breaking-news

Myanmar

Yangon

cover

လှိုင်သာယာ Spring Mon Garment စက်ရုံအလုပ်သမားများ လုပ်ခလစာတိုးပေးရန် တောင်းဆိုမှု ၁၁ ရက်မြောက်နေ့အထိ ပြေလည်မှုမရရှိသေး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) ရှိ Spring Mon Garment အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၇၇ ဦးသည် လုပ်ခလစာတိုးမြှင့်ရရှိရေးနှင့် အလုပ်သမားဥပဒေပါ အခ...

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) ရှိ Spring Mon Garment အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၇၇ ဦးသည် လုပ်ခလစာတိုးမြှင့်ရရှိရေးနှင့် အလုပ်သမားဥပဒေပါ အခွင့်အရေးများရရှိရေးအတွက် ဇူလိုင်လ ၈ ရက်နေ့မှစတင်ကာ ယနေ့ (ဇူလိုင် ၁၉ ရက်) အထိ ၁၁ ရက်တိုင်တိုင် ဆက်လက်ဆန္ဒပြတောင်းဆိုနေကြကြောင်း Solidarity of Trade Union Myanmar ထံမှ သိရသည်။ အလုပ်သမားများက နေ့တွက်ခ (ဒေးကြေး) အား ၁၀,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ်သို့လည်းကောင်း၊ အချိန်ပို (OT) ကြေးနှင့် ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးများကို တိုးမြှင့်ပေးရန်အပြင် ဥပဒေပါခွင့်ရက်များနှင့် လုပ်ခလစာဖြတ်တောက်မှုမပြုရန် အချက် ၉ ချက်ကို တောင်းဆိုထားကြခြင်းဖြစ်သည်။ ဇူလိုင် ၁၈ ရက်နေ့က တိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံး၌ ၇ ကြိမ်မြောက်အဖြစ် နှစ်ဦးနှစ်ဖက် သွားရောက်ညှိနှိုင်းခဲ့သော်လည်း စက်ရုံဘက်မှ နေ့တွက်ခ ၁၁,၀၀၀ ကျပ်နှင့် အချိန်ပိုကြေး ၂,၂၀၀ ကျပ်သာ ပေးနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် သဘောတူညီမှု အပြည့်အဝမရရှိဘဲ နှစ်ဖက်တင်းမာနေဆဲဖြစ်ရာ အလုပ်သမားများအနေဖြင့် တောင်းဆိုချက်များ ရရှိသည်အထိ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

26