ဇွန်လ ၂၄ ရက်နေ့ ညပိုင်းက ဗင်နီဇွဲလားနိုင်ငံ ယာရာကွေးပြည်နယ်ကို ဗဟိုပြု၍ ပြင်းအား ၇.၂ နှင့် ၇.၅ ရှိ ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၅,၀၆၉ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ခ်ျ ရိုဒရီဂွက်ဇ်၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါငလျင်နှင့် နောက်ဆက်တွဲငလျင်ပေါင်း ၁,၃၃၀ ကျော် လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၁၆,၇၄၀ ကျော် ဒဏ်ရာရရှိကာ ၁၇,၉၀၇ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အဆောက်အအုံ ၁,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။ လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွင်း လူပေါင်း ၆,၄၆၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဘေးသင့်မိသားစုများအတွက် ယာယီစခန်း ၁၀၇ ခု ဖွင့်လှစ်ကာ စားနပ်ရိက္ခာ တန်ချိန် ၁၀,၀၀၀ ကျော် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဗင်နီဇွဲလား ငလျင်ကြောင့် သေဆုံးသူ ၅,၀၀၀ ကျော်ရှိလာပြီး ထိခိုက်ပျက်စီးမှုနှင့် ဒဏ်ရာရရှိသူ အမြောက်အမြားရှိနေ
Jul 18 • 11:44 AM
Myanmar
International
Share
| 27 | 0 | 0 | 0 |


