back

ရန်ကုန်မြို့တွင် City Taxi ယာဉ်များ စည်းကမ်းတကျရှိစေရေး Campaign ပြုလုပ်ပြီး ယာဉ်စီးရေ (၂,၀၀၀) ခန့်ကို အသိပညာပေး

Jul 18 • 8:39 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့တွင် City Taxi ယာဉ်များ စည်းကမ်းတကျရှိစေရေး Campaign ပြုလုပ်ပြီး ယာဉ်စီးရေ (၂,၀၀၀) ခန့်ကို အသိပညာပေး

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) သည် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စင်းလုံးငှားဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူမ...

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) သည် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စင်းလုံးငှားဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ City Taxi ယာဉ်များ စည်းကမ်းတကျရှိစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်များနှင့် ဖြူနီကြားများတွင် ရပ်တန့်ခြင်းမရှိစေရေးတို့အတွက် ယနေ့ ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးကားမှတ်တိုင်တွင် အသိပညာပေး Pamphlet လမ်းညွှန်စာစောင်များ ဝေငှသည့် Campaign ပြုလုပ်ခဲ့ပြီး City Taxi ယာဉ်စီးရေ ၂,၀၀၀ ခန့်ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

20