back

အာဂျင်တီးနားရဲ့ ဖောက်ကလန်စာတန်း ကိုင်ဆောင်မှုကို အိမ်ဖြူတော် ထောက်ခံ

Jul 18 • 4:47 AM

breaking-news

Myanmar

International

cover

အာဂျင်တီးနားရဲ့ ဖောက်ကလန်စာတန်း ကိုင်ဆောင်မှုကို အိမ်ဖြူတော် ထောက်ခံ

အင်္ဂလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး အာဂျင်တီးနားကစားသမားတွေ ဖောက်ကလန်စာတန်း ကိုင်ဆောင်မှုအပေါ် အိမ်ဖြူတော်အစိုးရက ထောက်ခံခဲ့ပါတယ်။အိမ်ဖြူတော်ရဲ့ ကမ္ဘာ့ဖလာ...

အင်္ဂလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး အာဂျင်တီးနားကစားသမားတွေ ဖောက်ကလန်စာတန်း ကိုင်ဆောင်မှုအပေါ် အိမ်ဖြူတော်အစိုးရက ထောက်ခံခဲ့ပါတယ်။အိမ်ဖြူတော်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးခေါင်းဆောင်ဖြစ်သူ အန်ဒရူးဂျူလီယာနီက အမေရိကန်အခြေခံဥပဒေအရ အာဂျင်တီးနားဘောလုံးအသင်းအနေနဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။FIFA စည်းမျဉ်းမှာတော့ ဘောလုံးပွဲတွေမှာ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။လက်ရှိမှာ FIFA က ယင်းကိစ္စကို စုံစမ်းစစ်ဆေးနေပြီး အာဂျင်တီးနားအသင်းကို ဒဏ်ငွေတပ်ရိုက်ဖို့ ရှိနေပါတယ်။အာဂျင်တီးနားအနေနဲ့ "Las Malvinas son Argentinas (The Falklands are Argentine)"လို ရေးထားတဲ့စာတန်းကို ကိုင်ဆောင်ခဲ့ကြတာဖြစ်တယ်။ဖောက်ကလန်ကျွန်းဟာ အတ္တလန္တိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းက ဗြိတိန်ပိုင်ကျွန်းစုဖြစ်ပါတယ်။ဒါပေမဲ့ အာဂျင်တီးနားအရှေ့ဘက်ကမ်းရိုးတန်းနဲ့ မိုင် ၃၀၀ သာကွာဝေးပြီး ကျွန်းပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ အငြင်းပွားခဲ့ကာ နှစ်နိုင်ငံအကြား ၁၉၈၂ ခုနှစ် ဧပြီလက ဇွန်လအထိ စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီစစ်ပွဲမှာ အာဂျင်တီးနားစစ်သား ၆၅၅ ဦး၊ ဗြိတိန်စစ်သား ၂၅၅ ဦးနဲ့ ကျွန်းပေါ်နေ ဒေသခံ သုံးဦး သေဆုံးခဲ့ရပါတယ်။၂၀၁၄ ခုနှစ်ကလည်း အာဂျင်တီးနားအသင်းက ဆလိုဗေးနီးယားနဲ့ ခြေစမ်းပွဲမှာ အလားတူ အဓိပ္ပာယ်ရတဲ့စာတန်း ကိုင်ဆောင်ခဲ့လို့ ဒဏ်ငွေ ပေါင် ၂၀,၀၀၀ တပ်ရိုက်ခံခဲ့ရပါတယ်။

news-view-count-icon

20