back

လီဗာပူးလ်ကွင်းလယ်လူ ဆိုဘိုဆလိုင်း အသင်းနဲ့ ငါးနှစ်စာချုပ်သစ် ချုပ်ဆို

Jul 18 • 2:41 AM

breaking-news

Myanmar

International

cover

လီဗာပူးလ်ကွင်းလယ်လူ ဆိုဘိုဆလိုင်း အသင်းနဲ့ ငါးနှစ်စာချုပ်သစ် ချုပ်ဆို

လီဗာပူးလ်ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းဟာ အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမယ့် ငါးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ဆိုဘိုဆလိုင်း(၂၅ နှစ်)ဟာ ၂၀၂၃ ခုနှစ်က လိုက်ပ...

လီဗာပူးလ်ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းဟာ အသင်းနဲ့ ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမယ့် ငါးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ဆိုဘိုဆလိုင်း(၂၅ နှစ်)ဟာ ၂၀၂၃ ခုနှစ်က လိုက်ပ်ဇစ်အသင်းကနေ ပေါင် သန်း ၆၀နဲ့ အသင်းကို ရောက်လာတာဖြစ်ကာပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်း ရုန်းကန်ခဲ့ရပေမဲ့ ဆိုဘိုဆလိုင်းကတော့ အသင်းမှာ ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့ပါတယ်။လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ဂိုးသွင်းကာ ၁၂ ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဆိုဘိုဆလိုင်းက လီဗာပူးလ်အသင်းနဲ့အတူ အောင်မြင်မှုအားလုံး ရယူသွားလိုပြီး ချန်ပီယံလိဂ်ဖလားကို ပစ်မှတ်ထားနေတယ်လို့ ဝန်ခံခဲ့ပါတယ်။၎င်းဟာ ရောဘတ်ဆန် အသင်းကထွက်သွားလို့ လာမယ့်ရာသီ ဒုတိယအသင်းခေါင်းဆောင်ဖြစ်လာဖို့လည်း ရေပန်းစားနေပါတယ်။

news-view-count-icon

27