back

ရန်ကုန်-ပြင်ဦးလွင် (အနီးစခန်း) ခရီးစဉ်သစ်ကို MAI လေကြောင်းလိုင်းက ဇူလိုင် ၁၈ ရက်မှစတင်၍ အပတ်စဉ် ပျံသန်းပြေးဆွဲမည်

Jul 17 • 9:26 AM

breaking-news

Myanmar

Mandalay

cover

ရန်ကုန်-ပြင်ဦးလွင် (အနီးစခန်း) ခရီးစဉ်သစ်ကို MAI လေကြောင်းလိုင်းက ဇူလိုင် ၁၈ ရက်မှစတင်၍ အပတ်စဉ် ပျံသန်းပြေးဆွဲမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ခရီးသည်များ သွားလာမှု ပိုမိုအဆင်ပြေစေရန်နှင့် ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အဆင့်မြှင့်တင် တည...

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ခရီးသည်များ သွားလာမှု ပိုမိုအဆင်ပြေစေရန်နှင့် ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အဆင့်မြှင့်တင် တည်ဆောက်ပြီးစီးသွားသည့် ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်သို့ ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်သစ်ကို လာမည့် ဇူလိုင် ၁၈ ရက်မှစတင်ကာ အပတ်စဉ် စနေနေ့တိုင်း ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် MAI လေကြောင်းလိုင်းသည် ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေပြု၍ ယခုခရီးစဉ်သစ်အပါအဝင် ပြည်တွင်းခရီးစဉ် ၂၁ မြို့နှင့် ပြည်ပခရီးစဉ် ၂၁ မြို့သို့ Airbus၊ Embraer၊ ATR နှင့် Boeing စသည့် လေယာဉ်အမျိုးအစားမျိုးစုံဖြင့် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

31