back

ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ရန် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများ လျှောက်ထားနိုင်

Jul 17 • 9:13 AM

breaking-news

Myanmar

Local

cover

ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ရန် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများ လျှောက်ထားနိုင်

ပြည်တွင်းရှိ ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရန်နှင့် လိုအပ်သော စက်ကိရိယာပစ္စည်းများ ဖြည့်ဆည်းနိုင်ရန်အတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချ...


ပြည်တွင်းရှိ ဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရန်နှင့် လိုအပ်သော စက်ကိရိယာပစ္စည်းများ ဖြည့်ဆည်းနိုင်ရန်အတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ချေးငွေရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေအဆိုပြုလွှာများကို သက်ဆိုင်ရာ နေပြည်တော်/တိုင်း/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးခွဲများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ အဆိုပါ ချေးငွေလျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက နေပြည်တော် ရုံးအမှတ် (၃၇) ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်) ၏ ဖုန်းနံပါတ် ၀၆၇-၃၄၀၈၃၉၅ နှင့် ၀၉-၄၀၁၂၂၄၉၉၈ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

news-view-count-icon

24