back

ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ အဓိကဘူတာကြီးတစ်ခုတွင် ပထမဆုံးအကြိမ်အဖြစ် မျက်နှာမှတ်မိခြင်းစနစ်သုံး လက်မှတ်ဖြတ်ဂိတ်များ စတင်မိတ်ဆက်

Jul 17 • 4:37 AM

breaking-news

Japan

Local News

cover

ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ အဓိကဘူတာကြီးတစ်ခုတွင် ပထမဆုံးအကြိမ်အဖြစ် မျက်နှာမှတ်မိခြင်းစနစ်သုံး လက်မှတ်ဖြတ်ဂိတ်များ စတင်မိတ်ဆက်

ဂျပန်အခြေစိုက် ဟီတာချီ (Hitachi) ကုမ္ပဏီနှင့် တိုဘူမီးရထားလိုင်း (Tobu Railway) တို့သည် တိုကျိုမြို့၊ တိုရှီးမားရပ်ကွက်ရှိ အဓိကသယ်ယူပို့ဆောင်ရေးအချက်အချာကျသော အ...

ဂျပန်အခြေစိုက် ဟီတာချီ (Hitachi) ကုမ္ပဏီနှင့် တိုဘူမီးရထားလိုင်း (Tobu Railway) တို့သည် တိုကျိုမြို့၊ တိုရှီးမားရပ်ကွက်ရှိ အဓိကသယ်ယူပို့ဆောင်ရေးအချက်အချာကျသော အီကီဘူကူရို (Ikebukuro) ဘူတာ၌ ဇူလိုင်လ ၁၅ ရက်နေ့တွင် မျက်နှာမှတ်မိခြင်းစနစ် (Facial recognition system) သုံး လက်မှတ်ဖြတ်ဂိတ်များကို ပထမဆုံးအကြိမ် စတင်မိတ်ဆက်လိုက်သည်။ ဤစနစ်သစ်ကြောင့် ခရီးသည်များသည် မိမိတို့၏ မျက်နှာအချက်အလက်နှင့် ရထားစီးကတ် (Commuter pass) ကို ကြိုတင်မှတ်ပုံတင်ထားရုံဖြင့် ရထားဂိတ်များတွင် ကတ် သို့မဟုတ် လက်မှတ်များကို ထုတ်ယူပြသရန်မလိုဘဲ လက်ဗလာဖြင့် လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။ယခုနည်းပညာကို တိုရှီဘာ (Toshiba) အပါအဝင် လက်မှတ်ဖြတ်ဂိတ်ထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီကြီး ၃ ခု၊ Panasonic Connect တို့နှင့် ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်ပြီး လက်ရှိဂိတ်ဟောင်းများကို အစားထိုးစရာမလိုဘဲ ကင်မရာနှင့် လိုအပ်သောစက်ပစ္စည်းများ အလွယ်တကူတပ်ဆင်ရုံဖြင့် အဆင့်မြှင့်တင်နိုင်သောကြောင့် အခြားမီးရထားလိုင်းများပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာစေရန် ရည်ရွယ်ထားသည်။လောလောဆယ်တွင် ဤစနစ်ကို တိုဘူတိုဂျို (Tobu Tojo) လိုင်းပေါ်ရှိ အီကီဘူကူရိုဘူတာနှင့် ကာမီအီတာဘာရှီ (Kami-Itabashi) ဘူတာအကြား ရထားစီးကတ် ကိုင်ဆောင်ထားသူများသာ အသုံးပြုနိုင်သေးသော်လည်း နောင်တွင် အနီးနားရှိ ကုန်စုံဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ၌ပါ မျက်နှာမှတ်မိခြင်းစနစ်ဖြင့် ငွေပေးချေမှုများ ပြုလုပ်နိုင်ရန်အထိ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်သည်။

news-view-count-icon

10