back

မန်းရတနာပုံလေကြောင်းလိုင်းက ပြင်ဦးလွင် အနီးစခန်းလေဆိပ်သို့   ယနေ့မှစ စတင် ပျံသန်းပြေးဆွဲ

Jul 17 • 2:01 AM

breaking-news

Myanmar

Mandalay

breaking-news
cover

မန်းရတနာပုံလေကြောင်းလိုင်းက ပြင်ဦးလွင် အနီးစခန်းလေဆိပ်သို့   ယနေ့မှစ စတင် ပျံသန်းပြေးဆွဲ

မန်းရတနာပုံ လေကြောင်းလိုင်း (Mann Yadanarpon Airlines) သည် ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်သို့ ပြေးဆွဲမည့် ခရီးစဉ်သစ်များကို ယနေ့မှ စတင်ကာ အပတ်စဉ် သောကြာနေ့တို...

မန်းရတနာပုံ လေကြောင်းလိုင်း (Mann Yadanarpon Airlines) သည် ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်သို့ ပြေးဆွဲမည့် ခရီးစဉ်သစ်များကို ယနေ့မှ စတင်ကာ အပတ်စဉ် သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း လေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုခရီးစဉ်သစ်တွင် ရန်ကုန်၊ ဟဲဟိုးနှင့် ကျိုင်းတုံမြို့များသို့ ချိတ်ဆက်ပျံသန်းပေးမည်ဖြစ်ပြီး သတ်မှတ်ထားသော အခြေခံလေယာဉ်လက်မှတ်ခနှုန်းထားများမှာ ရန်ကုန်-အနီးစခန်း ခရီးစဉ်အတွက် ပြည်တွင်းခရီးသည်တစ်ဦးလျှင် အနည်းဆုံး ၃၀၄,၀၀၀ ကျပ်နှင့် အနီးစခန်း-ရန်ကုန် ခရီးစဉ်အတွက် ၂၉၄,၀၀၀ ကျပ် ဖြစ်သည်။ထို့အပြင် ဟဲဟိုး-အနီးစခန်းနှင့် အနီးစခန်း-ဟဲဟိုး နှစ်ဖက်ခရီးစဉ်များအတွက် လက်မှတ်ဈေးနှုန်းကို ၂၆၄,၀၀၀ ကျပ်စီ သတ်မှတ်ထားသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် ချိတ်ဆက်ပျံသန်းမည့် ကျိုင်းတုံ-အနီးစခန်းနှင့် အနီးစခန်း-ကျိုင်းတုံ ခရီးစဉ်များကိုမူ လာမည့် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ကာ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လေယာဉ်လက်မှတ်ခနှုန်းထားမှာ တစ်ဦးလျှင် ၄၁၆,၀၀၀ ကျပ်မှ စတင်မည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ထားသည်။

news-view-count-icon

39