back

ယနေ့မှစ၍ မော်တော်ယာဉ်ပိုင်ရှင်အမည်ပြောင်းမှတ်ပုံတင်ရာ၌ အခွန်စိစစ်ခြင်းကို VAVS စနစ်ဖြင့် ပြောင်းလဲကျင့်သုံးနေ

Jul 16 • 4:10 AM

breaking-news

Myanmar

Local

cover

ယနေ့မှစ၍ မော်တော်ယာဉ်ပိုင်ရှင်အမည်ပြောင်းမှတ်ပုံတင်ရာ၌ အခွန်စိစစ်ခြင်းကို VAVS စနစ်ဖြင့် ပြောင်းလဲကျင့်သုံးနေ

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်များအား အခွန်ထမ်းလူပုဂ္ဂိုလ်တစ်ဦးချင်း၏ အမည်ပြောင်းမှတ်ပုံတင်ရာ၌ အခွန်စိစစ်ခြင်းကို ယ...

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်များအား အခွန်ထမ်းလူပုဂ္ဂိုလ်တစ်ဦးချင်း၏ အမည်ပြောင်းမှတ်ပုံတင်ရာ၌ အခွန်စိစစ်ခြင်းကို ယနေ့ ဇူလိုင် ၁၆ ရက်မှစတင်ကာ Vehicle Automatic Valuation System (VAVS) ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ အခွန်ထမ်းသူများအနေဖြင့် https://vavs.ird.gov.mm ဝဘ်ဆိုက်တွင် မိမိတို့၏ ဖုန်းနံပါတ်ဖြင့် စနစ်အတွင်း ဝင်ရောက်ကာ မော်တော်ယာဉ်အမှတ်နှင့် လိုအပ်သောအချက်အလက်များ ဖြည့်သွင်းရုံဖြင့် စနစ်မှ အလိုအလျောက်တန်ဖိုးစိစစ်၍ အခွန်တွက်ချက်ပေးမည်ဖြစ်ပါသည်၊၊ ထို့အပြင်ကျသင့်သည့်အခွန်ငွေကိုလည်း စနစ်အတွင်းမှတစ်ဆင့် Digital Payment (Online Payment) ဖြင့် တိုက်ရိုက်ပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

100