မြန်မာ့လက်ရွေးစင်အသင်းသည် ဗီယက်နမ်အသင်းနှင့် ဖီဖာနိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ရန် ကစားသမား ၂၆ ဦးဖြင့် ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အရ သိရသည်။ နည်းပြချုပ် အန်ဒါဆင် ရွေးချယ်ထားသည့် စစ်ကြောင်းတွင် မောင်မောင်လွင်၊ နန္ဒကျော် စသည့် ဝါရင့်များနှင့်အတူ ကောင်းမြတ်ငြိမ်း၊ စောမျိုးဇော် စသည့် မျက်နှာသစ်ကစားသမားများ ပါဝင်ပြီး ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲအတွက် ဇွန် ၁၈ ရက်ကတည်းက လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခြေစမ်းပွဲကို လာမည့်ဇူလိုင် ၁၈ ရက်တွင် ဗီယက်နမ်နိုင်ငံ ထရန်ငုရင်ကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) က ပွဲကြည့်စင်လက်မှတ်များကို ဗီယက်နမ်ဒေါင် ၁၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ သတ်မှတ်ရောင်းချလျက်ရှိကြောင်း သိရသည်။
Jul 16 • 2:13 AM
Myanmar
Local
Share
| 23 | 0 | 0 | 0 |


